DigitalNet myanmar

ရောင်းအားကောင်းအောင် လုပ်ဆောင်ရမည့် အချက် (၃)ချက်

Spread the love

Online Shop ရောင်းချသူတွေအနေနဲ့ ရောင်းအားတက်ချင်တာ မှန်ပေမယ့် လက်တွေ့မှာ ရောင်းအားက ထင်သလောက်မကောင်းဘူးဆိုရင် ဒီအချက်လေးတွေပြင်ပေးဖို့ လိုနေလို့ ဖြစ်ပါတယ်။ တော်တော်များများ ပစ္စည်းတွေရောက်တယ်၊ ပုံရိုက်မယ်၊ content ကိုအဆင်ပြေသလိုလေးရေးပြီး boost ထိုးမယ်၊ တစ်ချို့ service အပ်ကြတယ်…လက်တွေမှာ ထင်သလို ဖြစ်မလာပဲ စိတ်ညစ်နေကြရပါတယ်။ ဒီလိုဖြစ်နေတယ်ဆိုရင်-

✍🏼Content ကိုဒီအချက် ( ၃ )ချက်နဲ့ အရင်ပြင်ရေးပေးဖို့ လိုပါတယ်…

ကိုယ်ရောင်းချင်တဲ့ အဝတ်အစားက ဘယ်လိုလူတွေကို Target ထားတာလဲ အရင်သတ်မှတ်ပါ

လူငယ်တွေကို Target ထားရင် လူငယ်တွေနဲ့သက်ဆိုင်ပြီး popular ဖြစ်စေမယ့် အသုံးအနှုန်းလေးတွေနဲ့ ညှပ်ရေးပေးသင့်ပါတယ် – “အပြင်ထွက်တဲ့အခါ ပေါ့ပေါ့ပါးပါးလေးနဲ့ ပေါ်လွင်နေချင်ရင်တော့”၊ “လူတွေကြားထဲ ထင်းကနဲ ပေါ်လွင်ပြီး လှပကျော့ရှင်းနေချင်တယ်ဆိုရင်” စသည်ဖြင့် အသုံးပြုသင့်)

Location သတ်မှတ်ပါ

ကိုယ်ရောင်းတဲ့ products ကအရမ်းခေတ်ဆန်ပြီး လူငယ်တိုင်းကြိုက်တယ်ဆိုပေမယ့် ရန်ကုန်၊ မန္တလေးမြို့လောက်ပဲ ဝတ်လို့အဆင်ပြေတာ ရှိပါတယ်။ ကိုယ်ကမြန်မာတစ်နိုင်ငံလုံးအနှံပို့ပေးတယ်ဆိုပေမယ့် ကိုယ်ရောင်းတဲ့ products ကနယ်မြို့တွေနဲ့ သင့်တော်လား? အဆင်ပြေနိုင်လား? နယ်ကလူတွေအနေနဲ့ ဝတ်လေ့ဝတ်ထရှိရဲ့လား? စဉ်းစားပေးဖို့ လိုအပ်ပါတယ်။ (ကိုယ်ရောင်းတဲ့ products ပေါ်မူတည်ပြီး ဝယ်နိုင်ချေရှိတဲ့ Location တွေကိုပဲ ဖိပြီး ကြော်ငြာတာက ရောင်းရနိုင်ချေပိုများပါတယ်)

🎯Boost လုပ်မယ့်ကြော်ငြာ Post ကရိုးရိုးရှင်းရှင်းနဲ့ အချက်အလက်ပြည့်စုံပါစေ။ ရိုးရှင်းတဲ့ content လေးတွေကို လူတွေကကြိုက်ကြပါတယ် ဒါပေမယ့်…

✅ယိုးဒယားမိတ်

✅ဈေးနှုန်းဘယ်လောက်

အာ့လိုရိုးရှင်းပေမယ့် လူတွေမဝယ်ကြသေးပါဘူး ဒီတော့

✅အသား Quality လေးကောင်းတယ်

✅ရေလျော်ခံပြီး အသီးလည်းမထတဲ့အပြင် ပုံထဲအတိုင်းလေး ချွတ်ဆွတ်ပါနော် (အပြင်ပုံလေးလည်း ထည့်ပေးထားပါတယ်)

ဒီလိုလေးထပ်ထည့်ရင် သူတို့စိတ်ထဲက သံသယကိုပါ မိမိကမြင်ပြီး ကြိုရေးရှင်းပြပေးထားလို့ ရောင်းရနိုင်ချေ ပိုတိုးလာပါလိမ့်မယ်။ ဒီလိုလေးရေးပေးခြင်းက ဝယ်ယူမယ့်သူများအတွက် ယုံကြည်မှုတိုးလာစေနိုင်တဲ့အပြင် သက်တောင့်သက်သာ ရှိစေပါတယ်။ ဒီလိုအချက်လေးတွေထည့်ပြီးရင်တော့ ဆိုင်ရှိရင်ဆိုင်မှာလာကြည့်လို့ရကြောင့် Online Shop ဆိုရင်လည်း Deli နဲ့အိမ်အရောက် ငွေချေဆောင်ရွက်ပေးကြောင်း နယ်ဆိုလည်း ဘယ်လိုပို့ပေးကြောင်း ရှင်းလင်းစွာပြောပေးဖို့လိုအပ်ပါတယ်။

နောက်ဆုံးအပိတ်လေးကိုလည်း CTA (Call to Action) လို့ခေါ်တဲ့ Customers တွေကို တိုက်တွန်းတဲ့ ပုံစံမျိုး ” ရောက်ကုန်လေးတွေမို့ မြန်မြန်မှာထားမှ စိတ်ချရမယ်နော် ” ” လက်ကျန်ရှင်းတာမလို့ ဒီဈေးနဲ့ရတာနော် ” ” ဒီတစ်ခေါက်ပဲ ဒီဈေးနဲ့ရမှာနော် ” စသည်ဖြင့် တိုက်တွန်းတဲ့ပုံစံမျိုးလေးနဲ့ ဝယ်သူရဲ့စိတ်ကို ဝယ်ချင်အောင်နှိုးဆွပေးဖို့လည်း လိုအပ်ပါတယ်…

ဒီ post လေးက သင့်အတွက် တစ်ခုခုအကျိုးရှိတယ်ဆိုရင် comment မှာ “Yes” လို့ရေးပေးခဲ့ပြီး အခြားသူများလည်း သိရှိအောင် “Share” လေးလုပ်ပေးဖို့တောင်းဆိုပါရစေနော်…

ဒီလို content မျိုးလေးတွေနဲ့ ပုံတွေ(အခမဲ့) services အပ်ချင်ရင်တော့ DigitalNet မှာ $5 ကနေ Boost Service အပ်လို့ရနိုင်ပြီး Monthly Package များလည်း ရယူနိုင်စေရန် Cb ကနေ ” Hi ” လုပ်လိုက်ပါတော့…

အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်

Yan Nyein Aung


Spread the love
My Personal Favorites

Facebook Marketing Online Class

AI ဖြင့်တွဲပြီး လေ့လာလို့ရမယ့် အခွင့်အရေး

facebook marketing online class

သင်ခန်းစာများကို Website နှင့် Facebook Group တို့မှာ လေ့လာရမှာဖြစ်ပြီး ရာသက်ပန် ဖြစ်ပါတယ်

Website Creation Online Class

Premium Themes & Plugins အခမဲ့ ရယူလိုက်ပါ

Scroll to Top