DigitalNet myanmar

Digital Marketing Budget Plan ကို ရောင်းအားတက်စေရန် ဘယ်လိုစီမံခန့်ခွဲရမလဲ?

Spread the love

လုပ်ငန်းအတွက် ရရှိလိုတဲ့ တစ်နှစ်စာ အမြတ်ငွေပမာဏ (Net-Profit) တစ်ခုကို အခြေခံပြီး Marketing Budget Plan တစ်ခုသတ်မှတ် တတ်စေရန် ရှေ့ Post လေးမှာ ပြောပြီးခဲ့ပြီး ဖြစ်လို့ ဒီ Post လေးမှာတော့ Marketing Budget Plan ကိုဘယ်လိုခွဲဝေသုံးစွဲ ရမလဲဆိုတာလေးကို မျှဝေပေးသွားပါ့မယ်

Marketing Budget Plan ခွဲဝေခြင်း

ထိရောက်တဲ့ ရောင်းအားတွေ ပိုင်ဆိုင်နိုင်စေရန်အတွက် Marketing Budget Plan ကို အဓိက Branding အတွက် ငွေကြေးသုံးစွဲမှုနှင့် Sale အတွက် ငွေကြေးသုံးစွဲမှုဆိုပြီး နှစ်ပိုင်းခွဲထုတ်လိုက်ပါမယ်။ CRM အတွက်ကတော့ Branding ထဲကိုပဲ ထည့်တွက်လိုက်ပါ့မယ်။

Branding

မိမိတို့လုပ်ငန်းက လုပ်နေတာလည်း နှစ်ချီနေပြီး ရောင်းအားလည်း ထိုက်သင့်သလောက် ရှိနေပေမယ့် Media Buying (Boost) လုပ်မှပဲရောင်းရတယ်/ မလုပ်ရင် မရောင်းရသလောက်ပဲ ဖြစ်နေသူများနှင့် ယခုမှ Digital Marketing ကိုလေ့လာပြီး ဈေးရောင်းချနေတယ် လူသိပ်မသိသေးဘူး (သို့) လက်ရှိ Target ထားတဲ့ မြို့မှာတော့ ထိုက်သင့်သလောက် အဆင်ပြေတယ် အခြားတစ်မြို့ကို Target ထပ်ထားချင်တယ်ဆိုရင်တော့ Branding ကို သေချာလေး ပိုမိုလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

Branding အတွက်ငွေကြေးခွဲဝေမယ်ဆိုရင်လည်း ရနိုင်သမျှ Budget တွေကို အကုန်သုးစွဲတာမျိုး မဟုတ်ပဲ Plan (B) အတွက် (၁၀%) ငွေပမာဏတစ်ခုကိုလည်း ဖယ်ထားပေးသင့်ပါတယ်။ ရှေ့က Post လေးမှာပြောခဲ့တဲ့အတိုင်း တစ်နှစ်စာ Net-profit သိန်း (၂၀၀) အမြတ်ရရှိစေဖို့အတွက် Marketing Budget (၂၅%) ဖြစ်တဲ့ သိန်း (၅၀)ကို အမှတ်ရမယ်ထင်ပါတယ်။ ခု Plan(B) အတွက် သိန်း (၅၀) ရဲ့ (၁၀%)ဖြစ်တဲ့ (၅)သိန်းကို ချန်လပ်ထားပြီး (၄၅)သိန်းနဲ့ တွက်ချက်ရမှာ ဖြစ်ပါတယ်။ ရရှိတဲ့ (၄၅)သိန်းကို တစ်နှစ်မှာ (၁၂)လ ရှိတဲ့အတွက် (၃)လစီ ခွဲပြီး သတ်မှတ်သုံးစွဲမှာ ဖြစ်ပါတယ်။ဒါကြောင့် (၁၁)သိန်း ကျော်လောက် သုံးစွဲရမှာ ဖြစ်ပါတယ်။

သတ်မှတ်သုံးစွဲပုံ အနေနဲ့ Online ပေါ်မှာ Digital Brand မဖော်ဆောင်ရသေးတဲ့ လုပ်ငန်းများအတွက် အဓိက ရည်ညွှန်းပြီး ဖော်ပြပေးလိုက်ပါတယ်။ (%)ရာခိုင်းနှုန်းများ၊ လအလိုက်ငွေ ခွဲဝေမှုများနှင့် ငွေပမာဏများမှာ ရှင်းလင်းစွာ နာလည်နိုင်စေရန် ဥပမာပေးထားခြင်းဖြစ်လို့ Concept နှင့် Frame ကိုသာ နားလည်သိရှိရန် လိုအပ်ပါတယ်။

Digital Marketing

အထက်ပါပုံလေးအရ Branding နှင့် Sale အတွက် Budget ခွဲဝေသုံးစွဲပုံလေးကို နားလည်သဘောပေါက်မယ်လို့ ယုံကြည်ပါတယ်။ ဒီနေရာမှာ မေးစရာရှိပါတယ်…Branding အတွက် Budget သတ်မှတ်တာ သိပေမယ့် ကိုယ့်လုပ်ငန်းက ဘယ်လို Branding နဲ့ရပ်တည်နေတာလဲ? ဘယ်လို Value ပေးချင်တာလဲ? သိရုံ၊ မြင်ရုံမဟုတ်ပဲ မှတ်မိပြီး ရင်ထဲစွဲနေအောင် Branding ကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို Post တစ်ခု ရေပေးပါ့မယ်…

Sale

Sale ကတော့ ရှင်းပါတယ်။ ရောင်းအားတက်စေဖို့အတွက် ဘယ် Social Media တွေကို သုံးမှာလဲ-

  • Facebook Account
  • Page
  • TikTok
  • YouTube
  • Viber
  • Telegram

စသည်ဖြင့် ကိုယ်အသုံးပြုမယ့် Channelတွေကို သတ်မှတ်ရမှာ ဖြစ်ပါတယ်။ Branding တုန်းကလိုပဲ ပထမ(၃)လမှာ ဘယ်လို Campaign တွေ လုပ်မလဲ၊ Campaign တစ်ခုကို ငွေဘယ်လောက် ပြန်ခွဲပြီး အသုံးပြုရမလဲ စသည်ဖြင့် အသေးစိတ် Plan သတ်မှတ်ရမှာ ဖြစ်ပါတယ်။

Campaign တွေလုပ်ဆောင်ရာမှာလည်း Business Goal နှင့် Digital Goal ကိုချိတ်ဆက်တတ်စေဖို့ အရေးကြီးပါတယ်။ ဥပမာ-

Business Goal

နောက်လမှာ ရောင်းအား (10%) တက်ချင်တယ်။

စုံစမ်းမေးမြန်းသူ ယခင်လထက်(20%) တက်ချင်တယ်။

Digital Goal

Facebook Page Engagement (40%) တက်ရန်လို။

Page Like (20000) တက်ရန်လို။

စသည်ဖြင့် Business Goal အရ ဖြစ်လိုတဲ့ Vision တစ်ခုကို Digital Goal ဖြင့် Mission ပြောင်းလဲပေးနိုင်ဖို့ လိုအပ်ပါတယ်။ Digital Goal ကိုဖော်ဆောင်ရာမှာ ထိရောက်မှန်ကန်စွာ ဆောင်ရွက်တတ်စေဖို့အတွက် Boost Campaign Object (၆) မျိုးကို သေချာလေး နားလည်တတ်ကျွမ်းဖို့ လိုအပ်ပါတယ်။ ဒီလိုနားမလည်ထားရင် ရှေ့က ချမှတ်ထားတဲ့ Strategies Process တွေအောက်ပြီး သဲထဲရေသွန် ဖြစ်သွားနိုင်ပါတယ်။

Conclusion

လုပ်ငန်းအတွက် Branding Budget နှင့် Sale Budget ကိုအနည်းငယ် သဘောပေါက်နားလည် လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နောက် Post လေးများမှာတော့ Branding နှင့် Sale အတွက် လိုအပ်မယ်ထင်တဲ့ အချက်လေးများကို ထပ်မံမျှဝေပေးသွားပါ့မယ်

ဒီ Post လေးက သင့်အတွက် တစ်ခုခုရလိုက်တယ်၊ အကျိုးရှိသွားတယ်ဆိုရင် အောက်မှာ comment လေးပေးသွားပြီး အခြားသူတွေလည်း အကျိုးရရှိသွားအောင် Share ပေးခဲ့ပါလို့ တောင်းဆိုပါရစေ…

ကျေးဇူးတင်စွာဖြင့်

Yan Nyein Aung

Founder of DigitalNet


Spread the love
My Personal Favorites

Facebook Marketing Online Class

AI ဖြင့်တွဲပြီး လေ့လာလို့ရမယ့် အခွင့်အရေး

facebook marketing online class

သင်ခန်းစာများကို Website နှင့် Facebook Group တို့မှာ လေ့လာရမှာဖြစ်ပြီး ရာသက်ပန် ဖြစ်ပါတယ်

Website Creation Online Class

Premium Themes & Plugins အခမဲ့ ရယူလိုက်ပါ

Scroll to Top