DigitalNet myanmar

တစ်လအတွင်း ရောင်းအား (၂)ဆတက်စေမယ့် Marketing လျှိုဝှက်ချက်(၄)ချက်

Spread the love

ခက်ခဲတဲ့ခုလိုကာလတွေမှာ လူအများအနေနဲ့ အရင်လို ကုန်ပစ္စည်းတွေကို ဖောဖောသီသီ ဝယ်ယူကြမယ့် အလားအလာ နည်းပါးနေတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ငွေဈေးတွေအဆမတန် ကျဆင်းပြီး ဝယ်လိုအားနည်းပါးတဲ့အတွက် လုပ်ငန်းရှင်တွေဘက်မှာလည်း ရုန်းကန်ပြီး လုပ်ငန်းမပြိုလဲအောင် ကြိုးစားနေကြရပါတယ်။ ဒီ Post လေးမှာတော့ လုပ်ငန်းရှင်တွေအတွက် အထောက်အကူ ဖြစ်စေနိုင်မယ့် Marketing Strategies လေးကို မျှဝေပေးလိုက်ပါတယ်…

Targeted Marketing

ယနေ့အချိန်ကတော့ Page Insights ကို သေချာပြန်ကြည့်ရမယ့် အချိန်တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်ဆိုတော့ ကိုယ်ရောင်းချင်တဲ့ မြို့တွေကို ခဏမေ့ထားပြီး လက်ရှိအချိန်အထိ ဘယ်မြို့မှာ နေထိုင်တဲ့သူတွေ၊ အသက်အရွယ်၊ ကျား/မ တွေကို သေချာပြန်လည်သုံးသပ် ဘယ်ကအဓိက ဝယ်ယူနေတာများပြားသလဲ၊ ဝယ်ယူမှုများပြားတဲ့ မြို့တွေကိုပဲ အာရုံစိုက် စီစစ်ပြီး Target Market ကို ကျစ်ကျစ်လစ်လစ်နဲ့ ရောင်းချသင့်ပါတယ်။

Media Buying (Boosting) ဆောင်ရွက်ရာတွင်လည်း အရင်လို Campaign တွေကြီးပဲ Run နေမဲ့အစား ကိုယ့် Page ကို သိရှိပြီးသောသူများ၊ ဝယ်ဖူးသူများကိုသာ ဦးစားပေးတဲ့ Custom Audiences ပုံစံမျိုးတွေကိုလည်း ပြန်ကြော်ငြာတာရောင်းချရပိုပြီး လွယ်ကူစေပါတယ်။

Content Marketing

ရောင်းချရဖို့တစ်ခုတည်းကိုပဲ အားစိုက်ထုတ်ဆောင်ရွက်နေမယ့်အစား ကိုယ့် Brand ကိုတက်စေမယ့် အကြောင်းအရာများ၊ Activities များနှင့် customers နဲ့ လုပ်ငန်းအကြား ဆက်ဆံရေး တိုးတက်လာစေမယ့် Engagement Post များကို Strategies များ content plan များချမှတ်ပြီး တင်သင့်ပါတယ်။

Discounts & Promotions

ကိုယ့်လုပ်ငန်းဘက်မှ ကုန်ကျစရိတ်နည်းပါးပြီး အကျိုးရှိထိရောက်စေမယ့် Discounts & Promotions များကို ဆောင်ရွက်လို့ရပါတယ်။ Discounts & Promotions ပေးလို့ ဈေးလျော့ရောင်းဖို့ထက် ကိုယ့် ကုန်ပစ္စည်းတွေကို Package အလိုက်ဝယ်ရင် သက်သာစေတာမျိုး၊ တစ်ခုဝယ်ရင် ဘယ်လောက် နှစ်ခုဝယ်ရင် ဘယ်လို Discounts ဖြင့်ရနိုင်တာမျိုးများအပြင် Up selling & Cross selling များဖြင့်လည်း လုပ်ငန်းပေါ်မူတည်ပြီး ဆောင်ရွက်နိုင်ပါတယ်။

ဒီလိုဆောင်ရွက်တဲ့အခါမှာတော့ Pricing Strategies ကိုတော့ သတိပြုဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

Livestream Selling

Livestream ကို လုပ်ဆောင်နေကြတဲ့ လုပ်ငန်းများအနေဖြင့် ပြဿနာမရှိပေမယ့် Live ဖြင့်ရောင်းလေ့မရှိသော လုပ်ငန်းများအနေဖြင့် ကြိုးစားလုပ်ဆောင်သင့်ပါတယ်။

Live လွှင့်ခြင်းရဲ့ အားသာချက်များ-

  • Livestream လွှင့်ခြင်းဖြင့် Real-time Engagement ကိုရရှိနိုင်စေပြီး customers တွေရဲ့ ယုံကြည်မှုကို တိုးစေပါတယ်။
  • Instant Sales Opportunities ဖြစ်တဲ့ ရောင်းအားတက်စေမည့် promotion အပြင် Customer များကို “limited time offers” (ကန့်သတ်ချိန်အတွင်းအထူးလျှော့ဈေး) ကဲ့သို့သော စိတ်လှုပ်ရှားစေသော promotion များနဲ့ ဆွဲဆောင်နိုင်သည်။
  • ကုန်ကျစရိတ်များစွာ သက်သာစေတဲ့အပြင် မိမိမှာ ဖုန်းတစ်လုံးရှိရုံဖြင့် ဆောင်ရွက်နိုင်ပြီး ထိရောက်မှုရှိတဲ့ Results တွေကို အချိန်တိုအတွင်း ရရှိနိုင်စေလို့ Cost-effective Marketing လို့လည်း ခေါ်ကြပါတယ်။
  • Customer Relationship Management ဝယ်သူအသစ်တွေကို ရှာဖွေရတာ အမှန်တစ်ကယ်တော့ အခက်အခဲ ရှိသလို အချိန်လည်း များစွာပေးရပါတယ်။ ဒီလိုခက်ခဲတဲ့ ကာလတွေမှာ ဝယ်သူအသစ်တွေကိုပဲ အားစိုက်ရှာနေမယ့်အစား ဝယ်ယူဖူးသူတွေ၊ ကိုယ့် Page ကိုယ့်လုပ်ငန်းကို သိပြီးဖြစ်တဲ့သူတွေကို Royal Customers (အမြဲတမ်းဝယ်သူ)တွေကို Focus ထားပြီး ရောင်းချခြင်းက ကုန်ကျစရိတ်သက်သာပြီး ရောင်းအားတစ်ခုကို ထိန်းထားနိုင်စေမှာ ဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်နိုင်စေဖို့အတွက် Retarget တွေဖော်ဆောင်ဖို့လိုအပ်တယ်။ Retarget လုပ်ဖို့ Customers တွေရဲ့ Data တွေ လိုအပ်မှာဖြစ်ပြီး အနည်းဆုံးတော့ Page Messenger မှာ Customers အုပ်စုအလိုက် Lable လေးတွေ ဖြင့် ခွဲခြားမှတ်သားပြီး ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။

Conclusion

ဒီ Post လေးကတော့ ယခုလို ခက်ခဲတဲ့ ကာလတွေမှာ ဝယ်သူအသစ်တွေရဖို့ Boost Budget တွေပိုသုံးလည်း ROI (Return on Investment) မကိုက်ရင် ကြာတော့ လုပ်ငန်းအတွက် ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် မိမိလုပ်ငန်းကို သိပြီးစား Customers တွေကို Retarget ပြန်လုပ်ခြင်း၊ Promotion တွေနဲ့တွဲပြီး Up Selling ပုံစံရောင်းချခြင်း၊ Engagement တိုးအောင်လုပ်ပြီး ရောင်းအားတစ်ခုကို ထိန်းထားနိုင်စေရန် ရည်ရွယ်မျှဝေပေးရခြင်း ဖြစ်ပါတယ်။

အခြားသော Digital Marketing ဆိုင်ရာ Knowledge များ၊ Marketing ဆိုင်ရာ Knowledge များကို လေ့လာလိုပါက DigitalNet Blog Page လေးမှာ အခမဲ့ ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ…

Follow My DigitalNet Facebook Page

ကျေးဇူးတင်စွာဖြင့်

Yan Nyein Aung

Founder of DigitalNet


Spread the love
My Personal Favorites

Facebook Marketing Online Class

AI ဖြင့်တွဲပြီး လေ့လာလို့ရမယ့် အခွင့်အရေး

facebook marketing online class

သင်ခန်းစာများကို Website နှင့် Facebook Group တို့မှာ လေ့လာရမှာဖြစ်ပြီး ရာသက်ပန် ဖြစ်ပါတယ်

Website Creation Online Class

Premium Themes & Plugins အခမဲ့ ရယူလိုက်ပါ

Scroll to Top