DigitalNet myanmar

Digital Marketing Budget Plan ဘာကြောင့်အရေးကြီးတာလဲ?

Spread the love

လုပ်ငန်းရှင်တော်တော်များများ ကျွန်တော်ကို မေးလေ့ရှိတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ လုပ်ငန်းအမျိုးအစားတွေ၊ ရောင်းချတဲ့ ပစ္စည်းတွေ Services များနှင့် Location အလိုက် ရန်ကုန်မြို့လား? မန္တလေးမြို့လား(သို့) မြန်မာတစ်နိုင်ငံလုံးကိုလား စသည်ဖြင့် မိမိတို့လုပ်ငန်းရဲ့ Goal အပေါ်မူတည်ပြီး Budget ကို သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒါလေးကို ရှင်းသွားအောင် ဥပမာလေးနဲ့ ပြောပေးသွားပါ့မယ်။

Net-Profit

Digital Marketing Budget Plan ကိုသတ်မှတ်နိုင်စေရန်အတွက် အရင်ဆုံးသိထားဖို့ လိုတာက Net-Profit လို့ခေါ်တဲ့ အသားတင်အမြတ်ငွေပမာဏတစ်ခုကို အရင်ဆုံးသတ်မှတ်ထားဖို့ လိုအပ်ပါတယ်။ (Net-Profit ဆိုတာ ဆိုင်ခန်းခ၊ လမ်းစရိတ်၊ Deli ခ၊ ရေခ၊ မီးခ၊ အခွန်၊ ဝန်ထမ်းစရိတ် စသည်ဖြင့် ကုန်ကျငွေများကို နုတ်ယူပြီး အသားတင်လက်ထဲ ကျန်ရှိသော ငွေကို Net-Profit လို့ မှတ်ယူနိုင်ပါတယ်။)

မိမိတို့ လုပ်ငန်းအနေနဲ့ တစ်နှစ်ကိုသိန်း(၂၀၀) မြတ်ချင်တယ် ဆိုကြပါစို့။ မိမိတို့ မြတ်လိုတဲ့ အမြတ်ပမာဏ (Net-Profit)ရဲ့ (၂၅%) နှုန်းကို Marketing Budget အဖြစ်သတ်မှတ်ပေးရမှာပဲ ဖြစ်ပါတယ်။ အချို့လုပ်ငန်းများ အနေနဲ့လည်း လိုတိုး/ ပိုလျော့ သတ်မှတ်ကြတာတွေလည်း ရှိပါတယ်။

ရာခိုင်နှုန်းသတ်မှတ်တာကိုလည်း သိပြီဆိုတော့ ကိုယ်မြတ်ချင်တဲ့ သိန်း(၂၀၀)ရဲ့ (၂၅%) ဆိုတော့ သိန်း(၅၀) ကို Marketing Budget အဖြစ် အသုံးပြုရမယ်ဆိုတဲ့ သဘောပါပဲ။

Next Step

ကိုယ့်လုပ်ငန်းရဲ့တစ်နှစ်တာ မြတ်ချင်တဲ့ ငွေပမာဏလည်း သိပြီ၊ Marketing Budget ကိုလည်း သိပြီဆိုပေမယ့် တစ်ချို့ဒီနေရာမှာ မျက်စေ့လည်သွားတတ်ပါသေးတယ်။ တစ်ခြားမဟုတ်ပါဘူး…Fixed Cost လို့ခေါ်တဲ့ အပေါ်မှာရေးခဲ့တဲ့ ဆိုင်းခန်းခ၊ ဝန်ထမ်းခ အစရှိတဲ့ ဝယ်သူမလာလည်း မိမိဘက်က လစဉ်ကုန်ကျနေမယ့် စရိတ်တွေနှင့် Variable Cost လို့ခေါ်တဲ့ ကုန်ပစ္စည်းတစ်ခုချင်းစီတိုင်းရဲ့ အရင်းကုန်ကျထားရတဲ့ စရိတ်တွေကိုပါ ပေါင်းထည့်ပြီး ဝင်ငွေရအောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

Formula

ဒီလိုလေး အလွယ်မှတ်ယူလို့ ရပါတယ်။ ပုံမှာ ရှင်းပြပေးထားပါတယ်-

(Fixed Cost + Variable Cost + Marketing Budget = Net Profit)

digital marketing

အထက်ပါပုံလေးကတော့ တစ်နှစ်စာအတွက် ခန့်မှန်းတွက်ချက်ပြပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နှစ်စာဝင်ငွေပေါင်း သိန်း(၈၅၀) ဝင်ရမှာဖြစ်ပါတယ်။ ဒီငွေပမာဏ ရရှိမှသာ Net-Profit သိန်း(၂၀၀) အမြတ်ရမှာဖြစ်ပြီး တစ်လချင်း ပြန်စိတ်ကြည့်ရင် လစဉ် Net-Profit (၁၆.၅)သိန်း လောက် အမြတ်ရရှိရန် လိုအပ်ပါတယ်။ ဒါမှသာ မိမိတို့ လိုချင်တဲ့ Sale Target ကိုထိမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ လုပ်ငန်းအတွက် အမြတ်များများရချင်တာ မှန်ပေမယ့် ကိုယ့်လုပ်ငန်းနှင့် လက်ဝယ်ရှိငွေကိုတော့ ချိန်ဆဖို့ လိုပါတယ် မဟုတ်ရင် ဖြစ်နိုင်ချေနည်းတဲ့ အမြတ်ပမာဏကို မှန်းထားပြီး ဆောင်ရွက်ရင်လည်း ကိုယ့်အတွက် ဝန်ပိုပိစေနိုင်မှာ ဖြစ်ပါတယ်။

Conclusion

Marketing Budget ကိုသိရှိသွားပြီ၊ လုပ်ငန်းမှာလည်း တစ်နှစ်ကို Net-Profit ဘယ်လောက်မြတ်ရမလဲ၊ တစ်လကို ဘယ်လောက်မြတ်ရမလဲဆိုတာကို သဘောပေါက်သွားတယ်ဆိုရင် မိမိတို့က Online Shop ပဲရောင်းရောင်း၊ Services ပဲပေးပေး ကိုယ့်လုပ်ငန်းအတွက် ခိုင်မာတဲ့ Goal တစ်ခုကို ချမှတ်နိုင်တာကြောင့် လုပ်ငန်းရဲ့ Vision & Mission တွေကို အကောင်အထည်ဖော်ဆောင်ရာမှာ ထိရောက်တဲ့ Results တွေ ပိုင်ဆိုင်နိုင်စေမှာပဲ ဖြစ်ပါတယ်။

နောက် Post လေးမှာတော့ မိမိတို့ သတ်မှတ်ထားတဲ့ Digital Marketing Budget Plan ကို Branding နှင့် Sale အတွက် ထိရောက်တဲ့ ရောင်းအား တွေရရှိနိုင်စေဖို့အတွက် ဘယ်လိုထပ်မံ ခွဲဝေသုံးစွဲရမလဲ ဆိုတာလေးကို မျှဝေပေးသွားပါ့မယ်။ ယခုလို အကျိုးရှိစေမယ့် Digital Marketing Tips လေးတွေကို လေ့လာချင်တယ်ဆိုရင်တော့ Blog Section ကိုနှိပ်ပြီး လေ့လာနိုင်ပါတယ်။

ဒီ Post လေးက သင့်အတွက် တစ်ခုခုရလိုက်တယ်၊ အကျိုးရှိသွားတယ်ဆိုရင် အောက်မှာ comment လေးပေးသွားပြီး အခြားသူတွေလည်း အကျိုးရရှိသွားအောင် Share ပေးခဲ့ပါလို့ တောင်းဆိုပါရစေ…

Contact me

Facebook Page: DigitalNet

ကျေးဇူးတင်စွာဖြင့်

Yan Nyein Aung

Founder of DigitalNet


Spread the love
My Personal Favorites

Facebook Marketing Online Class

AI ဖြင့်တွဲပြီး လေ့လာလို့ရမယ့် အခွင့်အရေး

facebook marketing online class

သင်ခန်းစာများကို Website နှင့် Facebook Group တို့မှာ လေ့လာရမှာဖြစ်ပြီး ရာသက်ပန် ဖြစ်ပါတယ်

Website Creation Online Class

Premium Themes & Plugins အခမဲ့ ရယူလိုက်ပါ

Scroll to Top