Facebook Account Disable ဖြစ်ပါက Recoveryလုပ်ပြီး ပြန်ဆယ်နည်း

Facebook အသုံးပြုသူတွေအနေနဲ့ “Facebook Account Disabled” ဆိုတဲ့စာသားကို မြင်ရတာက Page Admin တိုင်းကြုံတွေ့နိုင်မယ့် ပြဿနာတစ်ခုဖြစ်ပါတယ်။ Facebook Account Disable ဖြစ်ရင် ပြန်ဆယ်ရတာ အရမ်းမခက်ခဲပေမယ့် လုပ်ဆောင်ပုံ အဆင့်တွေကို သေချာမသိရင်တော့ ပြဿနာရှိနိုင်ပါတယ်။ ဒါကြောင့် ဒီ Post လေးမှာ Facebook Account Disable ကို စနစ်တကျပြန်ဆယ်ပြီး Recovery ပြန်လုပ်တတ်စေဖို့ အသေးစိတ်လေး မျှဝေပေးပါ့မယ်…

Facebook Account Disable ဘာကြောင့်ဖြစ်ရတာလဲ?

Account Disable ဖြစ်ရတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ အဖြစ်အများဆုံး အကြောင်းအရင်းများအနေနဲ့-

Facebook Community Standard ချိုးဖောက်ခြင်း

အကြမ်းဖက်မှု၊ မုန်းတီးစကားများ သို့မဟုတ် အလွန်အမင်း adult content တင်ခြင်းတွေက Facebook စည်းမျဉ်းချိုးဖောက်မှု ဖြစ်ပါတယ်။ ဒီနေရာမှာ Post တင်တာတင်မကပဲ Comment မှာရေးသားခြင်းလည်း အကျုံးဝင်ပါတယ်။

Fake Information လို့သတ်မှတ်ခံရခြင်း

တစ်ခြားသူအမည် အသုံးပြုခြင်း၊ တစ်ခြားသူပုံဖြင့် profile တင်ခြင်းတွေကို Facebook ဘက်ကနေ Fake Account အဖြစ်သတ်မှတ်နိုင်တာကြောင့် ကိုယ်ပိုင် နာမည်၊ Profile ကိုသာအသုံးပြုသင့်ပါတယ်။

Spam Content တင်ခြင်း

တစ်ခြား Group များကို Share လုပ်မှုများပြားခြင်း၊ အခြား Website link များကို တွဲ၍ Post အမြဲတင်ခြင်းတို့က Spam လုပ်သူအနေနဲ့ စစ်ဆေးခံရနိုင်ပါတယ်။

User Report ခံရခြင်း

တစ်ခါတစ်လေ Facebook က သင့်အကောင့် Hack ခံလိုက်တယ်လို့ ထင်ခံရချိန်မှာ အလိုအလျောက် Disabled လုပ်ပေးပါတယ်။

Scroll to Top